Sunday, March 29, 2009

လမ်းဆုံ

မင်းကလဲမင်း
ငါကလဲငါ
ကိုယ်မြင်းတွေ ကိုယ်စိုင်းနေပုံများ
စစ်ကိုင်းတောင် ကျော်သွားတယ်..

ငါကလဲ မင်း အပြစ်တင်
မင်းကလဲ ငါ့အပြစ်မြင်
ကိုယ်လှေတွေ ကိုယ်ထိုးပုံများ ပဲခူးတောင် လွန်သွားလေရဲ့

ကဲ ဒါဆို ချစ်သူ
စကားတွေလည်း အပိုမပြောချင်ပါဘု
ခပ်တိုတို တစ်ခုသာ ခွန်းဆိုချင်ရဲ့
တို့ ဘယ်လမ်းသွားကြမှာလဲ ကွယ့်

ရင်ခွင်နန်းတော်

ငါ့ရင်ခွင်က မင်းအတွက် အလုံခြုံဆုံး ဖြစ်သလို
မင်းရင်ခွင်ကလဲ ငါ့အတွက် အနွေးထွေးဆုံးဖြစ်တယ်
ချစ်သူရေ
ဒါဆို ဘာကြောင့်များ တို့နှစ်ယောက် အဝေးကို ပြေးဖို့ ကြိုးစားနေကြသလဲကွယ်
မာနတွေ ခ၀ါချခဲ့တော့
ဟိုးအဝေးမှာ ငါတို့ရဲ့ နန်းတော်ရှိတယ်
လာ အတူသွားကြစို့ရဲ့