enough is enough
ကဲ တော်လောက်ပြီ ဆုမွန်
ဒီလောက်ဆို လုံလောက်သင့်ပြီ
ဒီလောက်ဆို လုံလောက်နေပြီ..
တစ်ဘ၀လုံးစာ လုံလောက်သွားပြီ
မင်း ဘာထပ်နာကျင်ချင်နေသေးလို့လဲ
that was enough
Wednesday, June 10, 2009
that was enough
Labels: ရင်ကွဲနာ
Posted by မဆုမွန် at 8:53 AM 1 comments Links to this post
Saturday, May 9, 2009
လမ်းခွဲတစ်ခုရဲ့ အစ
မထင်မှတ်ထားတဲ့ နိဂုံးတစ်ခုရဲ့ နိဒါန်း အစပျိုးချိန်ပေါ့..
ချစ်သူရေ အမှတ်တမဲ့တွေ့ခဲ့တာမဟုတ်တဲ့
စွန့်စားခန်းတစ်ခုရဲ့ ပြဇာတ်တစ်ခန်းရပ် မှာ ငါတို့ဆုံခဲ့တယ်။
တစ်ခါ အပြီးသတ်နုတ်ဆက်ခြင်းလို့ ယူဆရတဲ့ လမ်းခွဲမူဟာ
ပြန်ဆုံဆည်းခြင်းရဲ့ အစတစ်ခုပျိုးခဲ့တာဆိုတာလည်း မသိခဲ့ဘူး။
ဘာပဲဖြစ်ဖြစ် နင့်ဆီ ငါပြန်လာခဲ့နိုင်တယ် ငါ့ဆီလဲ နင်အရောက်လာခဲ့တယ်
အပြန်အလှန် ပြေးလာကြတဲ့ ငါတို့ဆုံရပ်ဟာ ငါတို့ရင်ခွင်ပဲဖြစ်တယ်
နောက်တစ်ခါ ဝေးရပြန်တာဟာ အနီးစပ်ဆုံး ဆုံစည်းခွင့်ဆိုတာ ကြုံလာရပြန်တယ်
တစ်ခါ ငါတို့ ခိုလူံစရာ နေရာလေးမှာ အတူကွန်းခိုခွင့်ရခဲ့ပြန်တယ်
အခုတော့ တစ်ခါ နင်က အဝေးဆုံးတစ်နေရာကို ပြေးထွက်ဖို့ အဆင်သင့်ဖြစ်နေပြန်ပြီတဲ့
ဒီတစ်ခါ ဝေးရတာကတော့ ပြန်နီးဖို့ဆိုတာ မင်းနဲ့ငါနဲ့ပေါ်မူတည်မယ်ထင်ရဲ့ကွယ်
အိမ်မက်တွေက တကယ့်လက်တွေ့တွေနဲ့ နင်းခြေပြီး
နင်ရော ငါရော ဆုံးဖြတ်ချက်တွေ ရဲနေပုံများဟယ် တကယ် မချစ်ခဲ့ကြအတိုင်း
ငါသွေးမနည်းဘူး မင်းသိပါတယ် မင်းကလဲ သိပ်နောက်တွန့်တတ်သူမဟုတ်ဘူးဆိုတာ ငါသိတယ်
ဘာဖြစ်ဖြစ် မင်းကလဲ ငါ့ကို ငါကလဲမင်းကို ချစ်လို့ရနေသေးတာတော့ သိပ်အံ့သြစရာမဟုတ်ဘူး
သုံးနှစ်သုံးမိုးကျော်လို့ လေးနှစ်တောင်စွန်းမှကွယ်
မင်းကလဲ မင်း ငါကလဲ ငါ အပြန်အလှန် စွတ်စွဲချက်တွေက ငါကလဲမင်း မင်းကလဲ ငါ တရားခံတွေပေါ့
တကယ်ဆို ငါက မင်းဖြစ်ပြီး မင်းက ငါဖြစ်ပြီဆိုတဲ့နေ့
Labels: ကဗျာ
Posted by မဆုမွန် at 10:36 AM 0 comments Links to this post
Tuesday, April 28, 2009
သေမိန့်
.ကြာပြီ
ပကတိတွေကို မမြင်ရတာ ကြာပြီပဲ
တကယ်ဆို ညအိပ်ချိန်လေးတော့ မျက်နှာဖုံးလေး ခဏခွာချထားသင့်ပါတယ်..
မွန်းကျပ်မူတွေကလဲ ပိတ်လောင်လွန်းလိုက်တာ..
ခဏလေးဖြစ်ဖြစ် ဖယ်ပေးပါ....
ခဏလေးပါ..
လူးလွန့် လူးလိမ့် ပြီး ခပ်ပါးပါးလေးအရေခွံလေးတစ်ချပ်ကို ခွာချသွားတဲ့ မြွေတစ်ကောင်
လျောကနဲပဲ ရှေ့နားအရောက်မှာမှ ခပ်ပြင်းပြင်း ထွင်းဖောက်သံတစ်ခု
ဖောင်းကနဲပဲ
သွေးစတွေ အရေခွံစတွေ မွစာကျဲလို့..
ထွက်သက်တစ်ခု ခပ်ပြင်းပြင်း မူတ်သံကြားလိုက်တယ်
ဟိုးအဝေးမှာ လွင့်မျောသွားတဲ့ အရိပ်တစ်ခု ခပ်ပါးပါးလေး မြင်လိုက်ရတယ်။
Labels: ကဗျာ
Posted by မဆုမွန် at 2:01 AM 0 comments Links to this post
Monday, April 27, 2009
...
ကျိန်းသေသွားပြီ..
စိတ်ထဲ မတင်မကျဖြစ်နေတာ တစ်ခုက
အခုတော့ သေချာသွားပြီ..
ဘာမှ မပေးခဲ့တဲ့အတွက် ဘာမှ မရှိတော့ဘူး..
Labels: ကဗျာ
Posted by မဆုမွန် at 10:07 PM 0 comments Links to this post
Monday, April 6, 2009
ချည်တိုင်
အကျင့်ရနေတဲ့ ခြေလှမ်းတွေကို ကျုံးသွင်းခံရတဲ့ ၀င်းထဲကို မောင်းသွင်းစရာတောင် မလိုမှတော့
ထံပိုးထက်က တင်တဲ့ ၀န်အတွက် အပြေးနှင်ရမယ့် အရေး ဟော့ဒီ့ ရင်တစ်ရာ ကျောတစ်ရာ နှက်မယ့်
ကြိမ်ဒဏ်တွေ နှင်ဒဏ်တွေအတွက် မညည်းကြေးကွယ်..
Labels: ကဗျာ
Posted by မဆုမွန် at 10:17 PM 0 comments Links to this post
Sunday, March 29, 2009
လမ်းဆုံ
မင်းကလဲမင်း
ငါကလဲငါ
ကိုယ်မြင်းတွေ ကိုယ်စိုင်းနေပုံများ
စစ်ကိုင်းတောင် ကျော်သွားတယ်..
ငါကလဲ မင်း အပြစ်တင်
မင်းကလဲ ငါ့အပြစ်မြင်
ကိုယ်လှေတွေ ကိုယ်ထိုးပုံများ ပဲခူးတောင် လွန်သွားလေရဲ့
ကဲ ဒါဆို ချစ်သူ
စကားတွေလည်း အပိုမပြောချင်ပါဘု
ခပ်တိုတို တစ်ခုသာ ခွန်းဆိုချင်ရဲ့
တို့ ဘယ်လမ်းသွားကြမှာလဲ ကွယ့်
Labels: ကဗျာ
Posted by မဆုမွန် at 6:32 PM 0 comments Links to this post
ရင်ခွင်နန်းတော်
ငါ့ရင်ခွင်က မင်းအတွက် အလုံခြုံဆုံး ဖြစ်သလို
မင်းရင်ခွင်ကလဲ ငါ့အတွက် အနွေးထွေးဆုံးဖြစ်တယ်
ချစ်သူရေ
ဒါဆို ဘာကြောင့်များ တို့နှစ်ယောက် အဝေးကို ပြေးဖို့ ကြိုးစားနေကြသလဲကွယ်
မာနတွေ ခ၀ါချခဲ့တော့
ဟိုးအဝေးမှာ ငါတို့ရဲ့ နန်းတော်ရှိတယ်
လာ အတူသွားကြစို့ရဲ့
Labels: ကဗျာ
Posted by မဆုမွန် at 6:29 PM 0 comments Links to this post
